IT Incident Management ဆိုတာဘာလဲ။

By Administrator 14-Aug-2022

ကိုယ့်ရဲ့ Service/Solution ကနေ လုပ်ဆောင်နေတဲ့အချိန် ပြဿနာတစ်ခု (Program Bug သို့ Issue) ကြုံကြိုက်လာတဲ့အချိန်မှာ Business Operation အပေါ်မှာ သက်ရောက်မှုအနည်းဆုံးနဲ့ ဘယ်လိုလုပ်ဆောင်မယ်.. ပုံမှန်အတိုင်းပြန်ဖြစ်အောင် ဘယ်လိုဆောင်ရွက်မယ်ဆိုပြီး စီမံခန့်ခွဲခြင်းပဲဖြစ်ပါတယ်။ Program Bug (သို့) Issue တွေမရှိအောင် ကိုယ့်ဘက်က သေချာပြင်ဆင်ထားပေမယ့် မျှော်လင့်မထားတဲ့အခြေအနေဖြစ်လာတတ်ပါတယ်။

ကိုယ့်ရဲ့ Service/Solution နဲ့ သက်ဆိုင်ပြီး အဆင်မပြေဖြစ်လာပြီဆိုရင် ဘာတွေလုပ်ဆောင်ရမှာလဲ။

  • System Down Time အတွင်းမှာ Computer System ချွတ်ယွင်းတယ်ဆို Manual နဲ့ ခဏသွားမလား။ ဘယ်လိုဖြေရှင်းမလဲ။ Temporary Workaround အနေနဲ့ Plan B ထားရှိရပါမယ်။
  • Issue ဖြစ်လာတဲ့အကြောင်း အရင်းအမြစ်ကို ရှာဖွေရပါမယ်။
  • အဲ့ဒီ Issue ထပ်မံမဖြစ်ပွားအောင် ဆောင်ရွက်သွားရပါမယ်။
  • Incident management ကတော့ Company တခုနဲ့တခု ဆောင်ရွက်နေတဲ့ပုံစံချင်းမတူတော့ မိမိတို့ Company ရဲ့ ပုံစံအတိုင်း လုပ်ဆောင်သွားရပါမယ်။

IT incident management workflow မှာတော့ End-users တွေရော IT Staff တွေပါ သက်ဆိုင်ပါတယ်။ ဥပမာအားဖြင့် Network Slowdown/Server Down တွေ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအတွက် IT Staff တွေအနေနဲ့ ဖြစ်လာနိုင်တဲ့ Issues တွေကို ကြိုတင်စဉ်းစားပြီး Temporary ယာယီအားဖြင့် ဘယ်လိုလုပ်ဆောင်မယ်.. Fix/Recovery ကို ဘယ်လိုလုပ်မယ်.. Production environment မှာ System ဘယ်လိုပြန်တင်မယ် ဆိုတဲ့ အစီအစဉ်အကုန် စဉ်းစားထားရပါမယ်။ Incident တွေကို ဖြစ်တဲ့အကြောင်းအရာ၊ ရက်စွဲ၊ အခြေအနေတို့ကို အသေးစိတ်မှတ်ထားမယ်ဆိုရင် နောက်ပိုင်း ဒီ Issue/Problem တက်လာမယ်ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ တခါတည်းသိနိုင်မှာဖြစ်ပါတယ်။ Service/Solution တစ်ခုအတွက် Incident Management ကလည်း Service/Solution Project တစ်ခုအတွက် အရေးပါတဲ့အခန်းကဏ္ဍတစ်ခုက ပါဝင်နေပါတယ်။

Random Tips